“ကယ်လ်ဗတ်လူဝင်ကို စာချုပ်သက်တမ်းတိုးလိုက်တဲ့ လိဒ်စ်ယူနိုက်တက်အသင်း”
28 Nov
လိဒ်စ်ယူနိုက်တက်အသင်းက တိုက်စစ်မှူး ကယ်လ်ဗတ်လူဝင် ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးခဲ့ကြောင်း သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် ကယ်လ်ဗတ်လူဝင် က ယခုရာသီမှာ သွင်းဂိုး ၆ ဂိုးအထိ သွင်းယူထားပြီး ပုံစံကောင်း တွေပြသနေသူဖြစ်ပါတယ်။ ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလမှာ လိဒ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲကစားပြီး ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ကယ်လ်ဗတ်လူဝင် အနေနဲ့ ပြီးခဲ့တဲ့ရာသီ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရယူခဲ့ပြီး ၂၀၀၁ ခုနှစ်နောက်ပိုင်း ယင်းဆုကိုရယူနိုင်တဲ့ ပထမဆုံး လိဒ်စ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။(NVS 008)
28 Nov