သွားတွေ ကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေ
27 Nov
ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွားတွေ ကျန်းမာစေဖို့အတွက် ရှောင်သင့်တဲ့ အစားအသောက်တွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဝိုင်၊ အရက်ပြင်းများ၊ သကြားပါဝင်တဲ့ ကော့တေးများ၊ ကော်ဖီနဲ့ လက်ဖက်ရည်တို့ကို ရှောင်ကြဉ်သင့်တဲ့ အကြောင်းရင်းတွေကတော့ အရက်က တံတွေးထွက်ရှိမှုကို လျော့နည်းစေသဖြင့် သွားများကို ပျက်စီးယိုယွင်း စေနိုင်ပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည် (အထူးသဖြင့် သကြားထည့်ထားပါက) တွေဟာ သွားကြွေလွှာ (enamel) တွင် အစွန်းအထင်းများ ဖြစ်ပေါ်စေနိုင်ပြီး သွားချေး (plaque) များစုပုံလာစေရန် ဖြစ်စေနိုင်ပါတယ်။ အရက်မှာ သကြားဓာတ်မပါသလောက်နည်းပေမယ့် ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ စွမ်းအားဖြည့် အချိုရည်တွေလိုပဲ အရက်က ခံတွင်းကို ထိခိုက်နိုင်တာကြောင့် ဒုက္ခပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ပေါင်မုန့်ဟာ သကြားဓာတ် တိုက်ရိုက်မရပေမယ့် ဝါးလိုက်တဲ့အခါမှာ ချက်ခြင်းဆိုသလို သကြားဓာတ် အဖြစ်သို့ ပြောင်းလဲသွားတာကို သုတေသနပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။ ပေါင်မုန့်အပိုင်းအစတွေက သွားကြားထဲမှာလည်း ညှပ်နိုင်သေးလို့ ပိုလို့တောင် ဆိုးနေပါသေးတယ်။ သွားကျန်းမာချင်ရင်တော့ ပေါင်မုန့် ကိုလည်း ရှောင်သင့်ပါတယ်။ ဘယ်ရီသီးတွေနဲ့ မုန်လာဥနီ တို့က ဆိုးရွားတဲ့ သွားကျန်းမာရေးထိခိုက်မှုကို မဖြစ်စေပေမယ့် အဆိုပါအသီးတွေကို စားခြင်းအားဖြင့် သင့်ရဲ့ ဖြူဖွေးနေတဲ့သွားတွေ အလွယ်တကူ စွန်းထင်းသွားနိုင်ပါတယ်။ သွားတိုက်တာလောက်နဲ့ မပျောက်လောက်အောင် သွားအရောင်ပြောင်းသွားနိုင်ပါတယ်။ ဆိုဒါ သောက်တာဟာ သွားတွေကို သကြားနဲ့သွားတိုက်သလို ဖြစ်စေပါတယ်။ ဆိုဒါကို သောက်ခြင်း အားဖြင့် သကြားဓာတ်တွေကတစ်ဆင့် သွားတွေထဲမှာ ဘက်တီးရီးယားတွေအတွက် နေစရာ အိမ်ဆောက်ပေး နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ရေခဲကို ဝါးတာလည်း မကောင်းသလို သောက်တာလည်း မကောင်းပါဘူး။ သွားနဲ့ သွားဖုံးတွေကို ဒုက္ခ အပေးဆုံး နံပတ်(၁)အစားအစာ ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်ကဲထားတဲ့ အချဉ်သကြားလုံးတွေက သွားကိုတိုက်ရိုက် ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး အဲဒီသကြားလုံးတွေကြောင့် သင့်ရဲ့ကျန်းမာနေတဲ့ သွားတွေတောင် ပိုမြန်ဆန်စွာနဲ့ ကျိုးသွားနိုင်ပါတယ်။ (NVS 003)