“၂၀၂၇ ဩစတြေးလျအိုးပင်းကို လွဲချော်မယ့် ဆင်နာ”

27 Nov

ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ ကမ္ဘာ့အဆင့်(၂) အီတလီတင်းနစ်သမား ဆင်နာ ဟာ ၂၀၂၇ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးမီမှာ ဆင်နာ ဟာ ဒူးဒဏ်ရာကို အသေးစားခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီးနောက် ၄ လလောက် အနားယူရနိုင်တယ်လို့ ခန့်မှန်းထားကြတာကြောင့် ဩစတြေးလျအိုးပင်းကို လွဲချော်ရဖို့က သေချာသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆင်နာ ဟာ ပြီးခဲ့တဲ့ဇူလိုင်လက ကစားသမားဘဝ ၅ ခုမြောက် ဂရင်းစလမ်ချန်ပီယံဆုအဖြစ် ဝင်ဘယ်ဒန်ပြိုင်ပွဲချန်ပီယံဆုကို ရယူခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆု ရယူထားနိုင်ခဲ့တဲ့ ဆင်နာ ဟာ အခုနှစ် ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်မှာ ဂျိုကိုဗစ်ကို ရှုံးနိမ့်ပြီးပြိုင်ပွဲကနေ ထွက်လိုက်ရတာ ဖြစ်ပါတယ်။ (NVS 008)

27 Nov

ADVERTISE HERE .