“ဒိုင်လူကြီး၏ အပြစ်ပေးမှုများစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့တဲ့ ပိုချက်တီနို”

27 Nov

မန်ယူနည်းပြ ပိုချက်တီနို က စပို့တင်းလစ္စဘွန်းနှင့် ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒိုင်လူကြီး၏ အပြစ်ပေးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ စပို့တင်းအသင်းကို ၂ ဂိုးပြတ်နဲ့ သရေကျခဲ့ပါတယ်။ ဒါကြောင့် ပိုချက်တီနို အနေနဲ့ မန်ယူနည်းပြဘဝ ပွဲဦးထွက်နှစ်ပွဲစလုံး အနိုင်မရရှိသေးဘဲ တစ်ပွဲရှုံး၊ တစ်ပွဲ သရေကျခဲ့ပါတယ်။ အဆိုပါပွဲကို ပိုလန်ဒိုင်လူကြီး မာစီနီယက်ခ် က တာဝန်ယူခဲ့ပြီး ၎င်း၏ဆုံးဖြတ်ချက်များက မန်ယူအသင်း အပေါ် အပြစ်ပေးရာရောက်ခဲ့ကြောင်း ပိုချက်တီနို က ပြောကြားခဲ့ပါတယ်။ ယင်းပွဲမှာ မန်ယူအသင်းအနေနဲ့ အနိုင်ရရှိရန် နီးစပ်ခဲ့သော်လည်း ဂိုးသမား လမ်မန်းစ် ၏အမှားကြောင့် ချေပဂိုးပြန်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ သို့သော် ပိုချက်တီနို က ဂိုးသမားကို အပြစ်မတင်ဘဲ အားလုံးကို အပြစ်တင်ရမည်ဖြစ်ကြောင်း၊ အသင်းဖော်များအနေဖြင့် ဂိုးသမားကို အကူအညီပေးရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ (NVS 008)

27 Nov

ADVERTISE HERE .