“၂၀၂၆ ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ် ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံးကစားသမားနှစ်ဦး ယှဉ်ပြိုင်”
27 Nov
လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ကစားသမားနှစ်ဦး ယှဉ်ပြိုင်တဲ့ပြိုင်ပွဲအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ အိန္ဒိယနိုင်ငံသား ဂူကက်ရှ်ဒွန်မာရာဂျူး နှင့် စိန်ခေါ်သူ ဥဇဘက်ကစ္စတန်နိုင်ငံသား ဂျာဗော့ဟီယာဆင်ဒါရော့ဗ် တို့ ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး နှစ်ဦးစလုံးမှာ အသက် ၂၀ အရွယ်သာရှိသေးကြောင်း သိရပါတယ်။ ဂူကက်ရှ် က ပြီးခဲ့တဲ့မေလကမှ အသက် ၂၀ ပြည့်ခဲ့သူဖြစ်ပြီး ဆင်ဒါရော့ဗ် မှာမူ လာမည့်ဒီဇင်ဘာလတွင် ၂၁ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ဂူကက်ရှ် က ကမ္ဘာ့စစ်တုရင်ချန်ပီယံဆုကို အသက် ၁၈ နှစ်အရွယ်မှာ ရယူနိုင်ခဲ့သောကြောင့် အသက်အငယ်ဆုံးချန်ပီယံအဖြစ်လည်း စံချိန်တင်ထားသူဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့စစ်တုရင်ချန်ပီယံရှစ်ပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၄ မှာစတင်၍ ဒီဇင်ဘာလ ၁၂ ရက်တွင် ပြီးဆုံးမှာဖြစ်ပါတယ်။ (NVS 008)