“ဂျာမနီတာဝန်ရှိသူများက နာဇီခေတ် လင်းယုန်အသိုက်အဆောက်အအုံကို ပြန်လည်ပြင်ဆင်နေ”
27 Nov
လင်းယုန်အသိုက်ဟူ၍ ထင်ရှားသော နာဇီခေတ်ဧည့်ဂေဟာကို ဂျာမနီနိုင်ငံက ပြန်လည်ပြင်ဆင်နေမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ဂျာမနီနိုင်ငံတောင်ပိုင်းရှိ လင်းယုန်အသိုက်အဆောက်အအုံသည် ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့သည်။ လက်ရှိတွင် ဆောက်လုပ်ရေးအဖွဲ့များက လင်းယုန်အသိုက် ဧည့်ဂေဟာကို ပြင်ဆင်နေမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဂျာမနီတာဝန်ရှိသူများက ပြောကြားထားသည်။ လင်းယုန်အသိုက်အဆောက်အအုံကို ၁၉၃၈ ခုနှစ်တွင် ဂျာမနီနာဇီအစိုးရက ဘာဗေးရီးယားပြည်နယ် အော့ပ်တောင်တန်းဒေသ၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဧည့်ဂေဟာသည် ဂျာမနီနာဇီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာ နှင့် ၎င်း၏ ဧည့်သည်တော်များ အပန်းဖြေရာ သမိုင်းဝင်အဆောက်အအုံ ဖြစ်သည်။ လင်းယုန်အသိုက်ဧည့်ဂေဟာသည် တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၃၀၀,၀၀၀ ခန့် ရောက်ရှိလာတတ်သည့် နေရာဖြစ်သော်လည်း အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အဆောက်အအုံခေါင်မိုးနှင့် မူလ နာဇီခေတ် ပရိဘောဂပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။