“လူငယ်ကြယ်ပွင့် ဝီလျံဘားနက် ကို စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ စပါးအသင်း”

26 Nov

စပါးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ကစားသမား လူကာ ဝီလျံဘားနက် ကို ကာလရှည် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝီလျံဘားနက် ဟာ ပြီးခဲ့တဲ့စနေညက အစ်ဆွစ်ချ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ စပါးအသင်း အတွက် ပထမဆုံးပွဲအဖြစ် ဝင်ရောက်ကစားပေးခဲ့ပြီး သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝီလျံဘားနက် ရဲ့ စာချုပ်သက်တမ်းကို စပါးအသင်းက ထုတ်ဖော်ပြောကြားတာမရှိဘဲ ကာလရှည်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ စပါးအသင်းအတွက် ကစားပေးခွင့်ရတဲ့ ပထမဆုံးပွဲမှာပဲ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဝီလျံဘားနက် ကို စပါးအသင်းနည်းပြ ဒီဇာဘီကလည်း ချီးကျူးထားသလို အသင်းအနာဂတ်အတွက် အားကိုးရမယ့် ကစားသမား ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်က ဂါရက်ဘေးလ် နောက်ပိုင်း စပါးအသင်းရဲ့ အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ဂိုးသွင်းသူ ဖြစ်တဲ့ ဝီလျံဘားနက် ဟာ အစ်ဆွစ်ချ်နဲ့ပွဲမှာ ဆိုလန်ကီရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။ (NVS 008)

26 Nov

ADVERTISE HERE .