“၂၀၂၈ ကိုပါအမေရိကပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပမည်”

26 Nov

(၄၉) ကြိမ်မြောက်အဖြစ် ကျင်းပမည့် ၂၀၂၈ ကိုပါအမေရိကပြိုင်ပွဲကို အမေရိကန်နိုင်ငံမှာ နှစ်ကြိမ်ဆက်အဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း တောင်အမေရိကဘောလုံးအဖွဲ့ချုပ်နှင့် ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်တို့က အတည်ပြုကြေညာခဲ့ပါတယ်။ တောင်အမေရိကဒေသ၏ အဆင့်အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ ကိုပါအမေရိကပြိုင်ပွဲကို ၂၀၁၆ ခုနှစ်၌ အမေရိကန်နိုင်ငံမှာ သွားရောက်ကျင်းပခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာလည်း အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ကိုပါအမေရိကပြိုင်ပွဲတွင် တောင်အမေရိကအသင်း (၁၀)သင်းနှင့်အတူ ကွန်ကာကပ်ဖ်အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သလို၊ ၂၀၂၄ ပြိုင်ပွဲတွင်လည်း ယင်းအရေအတွက်အတိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ လာမည့် ၂၀၂၈ ကိုပါအမေရိကပြိုင်ပွဲမှာလည်း တောင်အမေရိက ၁၀ သင်းနှင့် ကွန်ကာကပ်ဖ် ၆ သင်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကွန်ကာကပ်ဖ်မှ ယှဉ်ပြိုင်ခွင့်ရမည့် ၆ သင်းကို ၂၀၂၇ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲမှ စွမ်းဆောင်ရည်နဲ့ ရွေးချယ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ကိုပါအမေရိကပြိုင်ပွဲကို ငွေကြေးအကျိုးအမြတ်အတွက် အမေရိကန်နိုင်ငံမှာ သွားရောက်ကျင်းပခြင်းအပေါ် ဝေဖန်ပြစ်တင်မှုများရှိနေပေမယ့် တာဝန်ရှိသူများက လျစ်လျူရှုခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

26 Nov

ADVERTISE HERE .