“(၆) ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာဗိုဗီနမ်အသင်း”

26 Nov

မြန်မာဗိုဗီနမ်အသင်းက (၆) ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (၆) ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ အမျိုးသားအားကစား ရုံမှာ နိုဝင်ဘာလ ၂၄ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာဗိုဗီနမ်အသင်းက ယင်းပြိုင်ပွဲကို အမျိုးသားကစားသမား ၅ ဦး၊ အမျိုးသမီးကစားသမား ၂ ဦး၊ အုပ်ချုပ်/နည်းပြ ၃ ဦး၊ စုစုပေါင်း ၁၀ ဦးဖြင့် ဝင်ရောက်ယှဥ်ပြိုင်ဖြစ်ပါတယ်။ (၆) ကြိမ်မြောက် အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်ကမ္ဘောဒီးယားအပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ စင်ကာပူ၊ အိန္ဒိယ၊ အီရန်၊ အီရတ်၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ) အစရှိသည့် အာရှဒေသတွင်းမှ နိုင်ငံများ ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ မြန်မာဗိုဗီနမ်အသင်းက ပြီးခဲ့တဲ့ (၅) ကြိမ်မြောက် ၂၀၂၄ အာရှဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခဲ့စဥ်က ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၆ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

26 Nov

ADVERTISE HERE .