“SSL Gold Cup ၁၆ သင်းအဆင့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်း”
26 Nov
ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ SSLGold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲ၏ ၁၆ သင်းအဆင့်သို့ တက်ရောက် လာတဲ့ မြန်မာအသင်းက ဂျပန်၊ ထိုင်းနှင့် လစ်သူရေးနီးယားအသင်းတို့နှင့် အုပ်စုတွင်းပြိုင်ပွဲများ စတင်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု SSL Team Myanmar က ၁၆ သင်းအဆင့်မှာ အဆိုပါအသင်းသုံးသင်းနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စုတွင်း ပထမနှင့် ဒုတိယနေရာရရှိတဲ့ အသင်းနှစ်သင်းသာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ၁၆ သင်းအဆင့် ပွဲစဉ်များကို နိုဝင်ဘာလ ၂၆ ရက်မှ ၂၉ ရက်အထိ လေးရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။ SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ နိုဝင်ဘာလ ၁၉ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ ကျင်းပလျက်ရှိပါတယ်။ (NVS 008)
26 Nov