“ဖျူရီ နဲ့ ဂျော့ရှူအာ ပွဲစဉ်တွင် အကြိုတွဲဆိုင်းအဖြစ် ဝီလ်ဒါ နဲ့ ဘာကိုလေ တို့ ထိုးသတ်မည်”

25 Nov

ဟဲဗီးဝိတ်ဖိုက်တာ မာတင်ဘာကိုလေ ဟာ လာမည့်ဒီဇင်ဘာလ ၁၁ ရက်တွင် ဝေးလ်နိုင်ငံ ကာဒစ်ဖ်မြို့၌ တိုင်ဆန်ဖျူရီ နဲ့ အန်သိုနီဂျော့ရှူအာ တို့ ထိုးသတ်မယ့်ပြိုင်ပွဲ၌ အကြိုတွဲဆိုင်းအဖြစ် ကမ္ဘာ့ချန်ပီယံဟောင်း ဒီယွန် တေဝီလ်ဒါ နဲ့ ထိုးသတ်သွားမှာဖြစ်ပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် နုတ်ထွက်သွားသော ဩစတြေးလျဖိုက်တာ ဂျိုင်းအိုပီတိုင်းယား ရဲ့နေရာကို အသက် ၃၃ နှစ်အရွယ် ကွန်ဂိုဖိုက်တာ ဘာကိုလေ ဟာ အစားထိုးဝင်ရောက် ထိုးသတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘာကိုလေ ဟာ ဖေဖော်ဝါရီလအတွင်းက ဂျိုးဆက်ပါကား နဲ့ ထိုးသတ် ခဲ့တဲ့ပွဲစဉ်၌ ဒုတိယအချီတွင် အလဲထိုးနဲ့ရှုံးနိမ့်ထားပါတယ်။ အသက် ၃၁ နှစ်အရွယ် ရှုံးပွဲမရှိသေးတဲ့ ခရူဇာဝိတ်တန်း ဖိုက်တာ အိုပီတိုင်းယား က ဟဲဗီးဝိတ်တန်းပွဲဦးထွက်အဖြစ် ဝီလ်ဒါ နဲ့ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့်သီတင်းပတ်တွင် ပြိုင်ပွဲမှနုတ်ထွက်သွားခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၄၁ နှစ်အရွယ် WBC ဟဲဗီး ဝိတ်ချန်ပီယံဟောင်း ဝီလ်ဒါ က လက်ဝှေ့သက်တမ်း တစ်လျှောက် စုစုပေါင်းပွဲ ၅၀ ထိုးသတ်ထားရာ ၄၅ ပွဲနိုင်၊ လေးပွဲရှုံးနှင့် တစ်ပွဲသရေကျထားပြီး နိုင်ပွဲ ၄၅ ပွဲတွင် အလဲထိုးနိုင်ပွဲရရှိမှု ၄၃ ပွဲအထိရှိပါတယ်။ ဘာကိုလေ က လက်ဝှေ့ကစားသမားဘဝ စုစုပေါင်း ၂၄ ပွဲ ယှဉ်ပြိုင် ထိုးသတ်ထားပြီး ၂၁ ပွဲနိုင်၊ နှစ်ပွဲရှုံးနှင့် တစ်ပွဲသရေကျထားကာ နိုင်ပွဲ ၂၁ ပွဲမှာ အလဲထိုးနိုင်ပွဲရရှိမှု ၁၆ ပွဲအထိ ရှိပါတယ်။ (NVS-008)

25 Nov

ADVERTISE HERE .