“ဘာစီလိုနာကစားသမား ယာမယ်လ် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဆာဘတ်အသင်းနဲ့ပွဲစဉ် လွဲချော်မည်”
25 Nov
ဘာစီလိုနာအသင်း အဓိကတိုက်စစ်ကစားသမား ယာမယ်လ် ဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဆာဘတ် အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဟု ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။ ယာမယ်လ် ဟာ ဘာစီလိုနာနဲ့ဗီလာရီးယဲလ်အသင်း ပွဲစဉ်တွင် ညာဘက်ခြေချင်းဝတ်ဒဏ်ရာ ရရှိပြီး ဒဏ်ရာမှာ ပြင်းထန်မှုမရှိသော်လည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုပွဲစဉ်(၄) အဖြစ် ကစားမယ့် ဆာဘတ်အသင်းနဲ့ပွဲစဉ်မှာ ယာမယ်လ် ကို အနားပေးမည်ဟု ဘာစီလိုနာအသင်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယာမယ်လ် ဟာ နိုဝင်ဘာလ ၂၉ ရက်တွင် စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားမယ့် ဒီပို့တီဗိုအသင်းနဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိသော်လည်း မရေမရာဖြစ်နေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် အက်သလက်တီကို အသင်းနဲ့ကစားမယ့် အရေးကြီးပွဲစဉ်၌သာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ယာမယ်လ် အနေနဲ့ ယခုဘောလုံး ရာသီတွင်လည်း ဘာစီလိုနာအသင်းတိုက်စစ်ပိုင်းတွင် ရာဖင်ဟာ၊ ဂေါ်ဒွန် တို့နဲ့တွဲဖက်ပြီး အဓိကတိုက်စစ် ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်ကာ ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားပြီးချိန်တွင် ၁၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ (NVS-008)