"မူဆီယာလာ နှင့်ပတ်သက်သည့် မှတ်ချက်များအပေါ် ရွံရှာဖွယ်ကောင်းကြောင်း ဘိုင်ယန်အသင်းတုံ့ပြန်"

25 Nov

ဘိုင်ယန်မြူးနစ်အသင်းက အသင်းတိုက်စစ်ကစားသမား မူဆီယာလာ နဲ့ပတ်သက်တဲ့ မှတ်ချက်များအပေါ် ရွံရှာဖွယ်ကောင်းကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အဆိုပါလုပ်ရပ်များမှာ မူဆီယာလာ ကို ထိခိုက်စေရန် ကြိုတင် အကွက်ချ စီစဉ်ထားခြင်းဖြစ်ကြောင်း ဘိုင်ယန်အသင်းက မှတ်ချက်ပြုခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့ချုပ်(FIFPro)နဲ့ ဘောလုံးလောကမှ ထင်ရှားသူများက ဘိုင်ယန် အသင်းဟာ မူဆီယာလာ ရဲ့ဦးနှောက်ပိုင်း ချို့ယွင်းမှုအခြေအနေကြောင့် သူရဲ့လစာကိုလျှော့ချရန် ကြိုးပမ်းနေ ကြောင်း စွပ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် မူဆီယာလာ ဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ဘိုင်ယန်အသင်းရဲ့ လစာအများဆုံးထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ကို ပေါင် ၁၈ ဒသမ ၄ သန်းခန့်ရရှိနေပြီး ဘိုင်ယန်အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ အူလီ ဟိုးနက်စ် က မူဆီယာလာ အနေနဲ့ သူ၏အကောင်းဆုံးပုံစံကို ပြန်မရောက်နိုင်တော့ကြောင်း သုံးသပ်ပြီးနောက် ဝေဖန်မှုများ ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။ ယခုရာသီမှာ မူဆီယာလာ ဟာ ကွင်းအတွင်း၌ နှစ်ကြိမ်တိုင်လဲကျခဲ့ပြီး ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံငါးပွဲသာ ကစားထားရသော်လည်း နှစ်ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

25 Nov

ADVERTISE HERE .