ATP Finals အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲတွင် အယ်ကာရက်ဇ် ချန်ပီယံဆုဆွတ်ခူး

24 Nov

အီတလီနိုင်ငံတွင် ကျင်းပခဲ့တဲ့ ATP Finals အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့ အဆင့် (၁) ဂျာမနီတင်းနစ်ကစားသမား ဇီရက်ဖ်နဲ့ ကမ္ဘာ့အဆင့်(၃) စပိန်တင်းနစ်ကစားသမား အယ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အယ်ကာရက်ဇ်ကအနိုင်ရပြီး ချန်ပီယံဆုဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ် ပထမ ပွဲငယ်မှာ အယ်ကာရက်ဇ်က ဖိအားပေးကစားခဲ့ပြီး ၆-၂ ရလဒ်နဲ့အနိုင်ရကာ ဒုတိယပွဲငယ်တွင် ၇-၆ ရလဒ်နဲ့ ထပ်မံ အနိုင်ရခဲ့တဲ့အတွက် နှစ်ပွဲပြတ်နဲ့အနိုင်ရပြီး ချန်ပီယံဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ အယ်ကာရက်ဇ်ဟာ အုပ်စုပွဲစဉ်များမှာ အမေရိကန်တင်းနစ်ကစားသမား တီယာဖိုး၊ ရုရှားတင်းနစ်ကစား သမား မက်ဗီဒက်၊ အီတလီတင်းနစ်ကစားသမား ကိုဘိုလီတို့ကို နှစ်ပွဲပြတ်စီနဲ့အနိုင်ရခဲ့သလို ဆီမီးဖိုင်နယ် အဆင့်တွင်လည်း အမေရိကန်တင်းနစ်ကစားသမား ဘင်ရှဲလ်တန်ကို နှစ်ပွဲတစ်ပွဲနဲ့အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲစဉ်တွင် ဇီရက်ဖ်ကို နှစ်ပွဲပြတ်နဲ့အနိုင်ရကာ ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်း ဖြစ်ပါတယ်။ အယ်ကာရက်ဇ်သည် ပရော် ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝမှာ ATP Finals အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ၏ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Nov

ADVERTISE HERE .