CME Group Tour Championship ဂေါက်သီးရိုက်ပြိုင်ပွဲ ချန်ပီယံဆုကို သီတီကူဆွတ်ခူး

24 Nov

အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့တဲ့ CME Group Tour Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ထိုင်း ဂေါက်သီးရိုက်မယ် သီတီကူက ချန်ပီယံဆုဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ CME Group Tour Championship ဂေါက်သီးရိုက်ပြိုင်ပွဲသည် LPGA Tour ဂေါက်သီးရိုက်ရာသီ၏နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်မှ ၂၂ ရက်ထိ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲ၌ သီတီကူဟာ ပထမ အကျော့တွင် သတ်မှတ်ရိုက်ချက်ထက်ခုနစ်ချက်လျော့၊ ဒုတိယ အကျော့တွင် ငါးချက်လျော့၊ တတိယအကျော့တွင် ငါးချက်လျော့၊ စတုတ္ထအကျော့ပွဲစဉ်အဖြစ်နိုဝင်ဘာလ ၂၂ ရက်တွင့် ကစားခဲ့ရာ ခုနစ်ချက်လျော့ စုစုပေါင်းသတ် မှတ်ရိုက်ချက်ထက် ၂၄ ချက်လျော့နဲ့ ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်းဖြစ်ပါတယ်။ ၎င်း၏နောက်တွင် ဂျပန်ဂေါက်သီးရိုက်မယ် အကီအီဝေ က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၂၂ ချက် လျော့နဲ့ ဒုတိယနေရာတွင် ရပ်တည်ခဲ့ပါတယ်။ သီတီကူသည် CME Group Tour Championship ဂေါက်သီးရိုက် ပြိုင်ပွဲ ချန်ပီယံဆုကို ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံဆွတ်ခူးခဲ့တဲ့ အတွက် ပြိုင်ပွဲတွင် သုံးကြိမ်ဆက်ချန်ပီယံဆုဆွတ်ခူးခဲ့ခြင်းဖြစ်ကာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာလေးသန်း ရရှိခဲ့ကြောင်း သိရပါတယ်။ (NVS 008)

24 Nov

ADVERTISE HERE .