ရီးရဲလ်မက်ဒရစ်အသင်းက အသင်းဘုတ်အဖွဲ့ဝင်အဖြစ် ရာဖေးနာဒယ်ကိုခန့်အပ်
24 Nov
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းဘုတ်အဖွဲ့ဝင်အဖြစ် စပိန်ထိပ်တန်းတင်းနစ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ရာဖေးနာဒယ်ကို နိုဝင်ဘာလ ၂၂ ရက်က ခန့်အပ်ခဲ့ကြောင်း Sky Sports သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တင်းနစ်လောက၌ ကမ္ဘာ့ အဆင့်(၁)နေရာတွင် ကာလရှည် ရပ်တည်ခဲ့ပြီး ဂရင်းစလန်းဆုဖလား ၂၂ ကြိမ်ထိ ဆွတ်ခူးခဲ့ကာ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ရာဖေးနာဒယ်ဟာ အစောပိုင်း ကတည်းက ရီးရဲလ်မက်ဒရစ်အသင်း၏ဂုဏ်ထူးဆောင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ယခုအခါ အသင်းဘုတ် အဖွဲ့ဝင်အဖြစ်ပါ ခန့်အပ်ခံခဲ့ရခြင်းဖြစ်ပါတယ်။ အစောပိုင်းက ရာဖေးနာဒယ်ဟာ ရီးရဲလ်မက်ဒရစ်အသင်း ဂုဏ်ထူးဆောင်အဖြစ် သတ်မှတ်ခံခဲ့ရသော် လည်း အသင်းလှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ယခုအခါအသင်းဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့တဲ့ အတွက် အသင်းဘုတ်အဖွဲ့အစည်းအဝေးများတွင် အရေးပါသူတစ်ဦးဖြစ်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်း၏ အားကစားလှုပ်ရှားမှုများတွင်လည်း ဆုံးဖြတ်ချက်ချမှတ်ရာတွင် အရေးပါသူတစ်ဦးအဖြစ် လုပ်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ရာဖေးနာဒယ်ဟာ ငယ်စဉ်ကတည်းက ရီးရဲလ်မက်ဒရစ်အသင်းကို အားပေးခဲ့သည့် အမာခံပရိသတ်တစ်ဦး ဖြစ်တဲ့အပြင် တင်းနစ်လောကတွင်လည်း ဆုဖလားပေါင်းများစွာရရှိခဲ့တဲ့ ဂန္ထဝင်တင်းနစ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ (NVS 008)