ဘာစီလိုနာက ဗီလာရီးရဲကို အနိုင်ယူပြီး အမှတ်ပေးဇယားကို သုံးမှတ်ပြတ် ဦးဆောင်
24 Nov
စပိန်လာလီဂါပွဲစဉ် (၁၃) မှာ အသင်းကြီး ဘာစီလိုနာနဲ့ ဗီလာရီးရဲ အသင်းပွဲစဉ်ကို နိုဝင်ဘာ ၂၂ ရက် ညပိုင်း က ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ မိနစ် ၅၀ ကျော်အထိ နှစ်ဂိုးပြတ်ဦးဆောင်ခြင်းခံထားရသော်လည်း နောက်ပိုင်းပွဲချိန်များတွင် ရရှိလာတဲ့ အခွင့်အရေးကို သွင်းဂိုးများဖြစ်ပြောင်းလဲပြီး အရေးပါသည့်နိုင်ပွဲတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပွဲချိန် ၂၃ မိနစ်တွင် ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း တောင်ပံတိုက်စစ် ကစားသမား ယာမယ်လ်က ကန်သွင်းချက် လွဲချော်ခဲ့သည့်အတွက် နစ်နာခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ ဘာစီလိုနာ အသင်း နိုင်ပွဲရရှိမှုကြောင့် ဒုတိယနေရာမှ အနီးကပ်ဖိအားပေးလျက်ရှိသည့် ရီးရဲလ်မက်ဒရစ်အသင်းထက် သုံးမှတ် အသာ ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။ (NVS 008)