အီတလီတင်းနစ်မယ် ကာမီလာဂီအိုဂီက ၂၀၂၇ ခုနှစ်တွင် ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဟု အတည်ပြု
23 Nov
၂ဝ၂၇ ခုနှစ်တွင် အီတလီတင်းနစ်မယ် ကာမီလာဂီအိုဂီ က တင်းနစ်လောက သို့ ပြန်လည်ဝင်ရောက်ပြီး ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်မည်ဟု အတည်ပြုကြေညာခဲ့ပါတယ်။ ကာမီလာဂီအိုဂီဟာ ၂၀၂၄ ခုနှစ်က ပြိုင်ပွဲများ ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်ပြီး စိတ်ပင်ပန်းမှုများရှိလာတာကြောင့် ကိုယ်ပိုင်အချိန်ကို အတိုင်းအတာတစ်ခု အထိ ပေးလိုတဲ့အတွက် တင်းနစ်လောကမှ အနားယူသည်ဟု အတည်ပြုကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ နှစ်နှစ်ကြာအနားယူပြီးနောက် ယခုအခါတင်းနစ်လောကသို့ ပြန်လည်ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါ တယ်။ ကာမီလာဂီအိုဂီဟာ ပရော်ဖက်ရှင်နယ်တင်းနစ်မယ်ဘဝတွင် ၂၀၁၅ ခုနှစ်က နယ်သာလန်အိုးပင်းတင်းနစ် ပြိုင်ပွဲ၊ ၂၀၁၈ ခုနှစ်က လန့်ဇ်အိုးပင်းတင်းနစ်ပြိုင်ပွဲ၊ ၂၀၂၁ ခုနှစ်က ကနေဒီယန်အိုးပင်းတင်းနစ် ပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ်က မီရီဒါအိုးပင်းတင်းနစ်ပြိုင်ပွဲတို့တွင် ချန်ပီယံဆုဖလားလေးကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး WTA အဆင့် ချန်ပီယံဆု လေးကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကာမီလာဂီအိုဂီဟာ ပရော်ဖက်ရှင်နယ်တင်းနစ်ကစားသမားဘဝမှ အနားယူတဲ့ အချိန်မှာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အဆင့်(၂၆)နေရာ၌ ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ (NVS 008)