အင်္ဂလန်ဖိုက်တာ အက်စ်ပီနော မျက်စိဒဏ်ရာမှ ပြန်လည်သက်သာလာသည့် လေ့ကျင့်ခန်းများ ပြန်လည် လုပ်ဆောင်
23 Nov
မျက်စိခွဲစိတ်ကုသမှုကြောင့် ကာလရှည်အနားယူနေရသည့် အင်္ဂလန်ထိပ်တန်း UFC ဖိုက်တာ အက်စ်ပီနော ဟာ မျက်စိဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက် လေ့ကျင့်ခန်းများ ပြန်လည်လုပ်ဆောင်လျက်ရှိကြောင်း သိရပါတယ်။ UFC ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းတစ်ဦးဖြစ်သည့် အက်စ်ပီနောဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်က ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် ပြင်သစ်ဖိုက်တာ စီရယ်ဂိန်းနှင့်ယှဉ်ပြိုင်ခဲ့စဉ် ပထမ အချီ၌ စီရယ်ဂိန်း၏လက်ချောင်းများနဲ့တွန်းထိုးမိပြီး မျက်စိဒဏ်ရာရရှိသည့်အတွက် ပွဲစဉ်ကိုဖျက်သိမ်းခဲ့ ရပါတယ်။ အဲဒီနောက် အက်စ်ပီနောဟာ မျက်စိဒဏ်ရာခွဲစိတ်ကုသမှုခံယူရသည့်အတွက် ကာလရှည်အနားယူနေရပြီး ချန်ပီယံကာကွယ်ပွဲစဉ်များ မယှဉ်ပြိုင်နိုင်သောကြောင့် စက်တင်ဘာလ ၁၄ ရက်က ၎င်း၏ UFC ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်ပါတယ်။ အက်စ်ပီနောဟာ ချန်ပီယံခါးပတ်ကိုစွန့်လွှတ်ခဲ့ရတဲ့အတွက် UFC ကမ္ဘာ့ ဟဲဗီးဝိတ် အဆင့်(၁)နေရာမှာ စီရယ်ဂိန်းက ချန်ပီယံအဖြစ် ရပ်တည်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)