မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်း ဒီဇင်ဘာအတွင်း ခြေစမ်းပွဲနှစ်ပွဲကစားမည်

23 Nov

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့သည် ဒီဇင်ဘာ ဖီဖာအမျိုးသမီးနိုင်ငံတကာရက်သတ္တပတ်တွင် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မြန်မာ့ လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဟောင်ကောင်လက်ရွေးစင်အမျိုးသမီးအသင်းတို့ဟာ ဒီဇင်ဘာလ ၁ နှင့် ၄ ရက် တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲနှစ်ပွဲယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်က ခြေစမ်းပွဲ အတွက် ပဏာမကစားသမား ၃၆ ဦး ရွေးချယ်ထားပြီး နိုဝင်ဘာလ ၁၁ ရက်မှစ၍ စခန်းဝင်လေ့ကျင့်လျက် ရှိပါ တယ်။ ယခုရွေးချယ်ထားတဲ့ လူစာရင်းမှာ ပုံမှန်ပါဝင်နေတဲ့ ကစားသမားများအပြင် ကစားသမားသစ် အများအပြားလည်း ရွေးချယ်ခံရပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဟောင်ကောင်လက်ရွေးစင် အမျိုးသမီးအသင်းတို့ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲကစားခဲ့ပြီး မြန်မာ အသင်းက နှစ်ပွဲစလုံး လေးဂိုး-တစ်ဂိုး ရလဒ်များဖြင့် အနိုင်ရထားပါတယ်။ (NVS 008)

23 Nov

ADVERTISE HERE .