အင်္ဂလန်အသင်း၌ တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ဘယ်လင်ဟမ်ရပ်တည်

23 Nov

အင်္ဂလန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဟမ်ဟာ စပိန်အသင်းနှင့်အင်္ဂလန်အသင်းတို့ ကစားခဲ့ တဲ့ ပွဲစဉ်မှာ ဂိုးဖန်တီးမှုတစ်ကြိမ်ရရှိခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှုခုနစ်ကြိမ် အထိရှိလာခဲ့တာကြောင့် ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဥရောပ နေးရှင်းလိဂ်ပွဲစဉ်အဖြစ်ကစားတဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းက စပိန်အသင်းကို ၃ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲချိန် ၅၇ မိနစ်တွင်သွင်းယူခဲ့တဲ့ ဘန်ဝှိုက်၏သွင်းဂိုးကို ဂိုးဖန်တီးမှုလုပ်ဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း ဂိုးဖန်တီးမှုခုနစ်ကြိမ် အထိရှိလာခြင်းဖြစ်ပါတယ်။ အစောပိုင်းက အင်္ဂလန်အသင်း၌ တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှုအများဆုံးကစားသမားအဖြစ် ၁၉၉၃ ခုနှစ် က လက်ဖာဒီနန်၊ ၂၀၀၄ ခုနှစ်က ဒေးဗစ်ဘက်ခမ်း၊ ၂၀၁၉ ခုနှစ်က စတာလင်းတို့က ခြောက်ကြိမ်စီဖြင့် ရပ်တည် နေသော်လည်း ဘယ်လင်ဟမ်က ၎င်းတို့ကို တစ်ကြိမ်အသာဖြင့်ကျော်ဖြတ်ကာ တစ်နှစ်တာအတွင်း ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

23 Nov

ADVERTISE HERE .