“အင်ဖန်တီနို က လာမည့် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် တရားမျှတမှုရှိရေးတောင်းဆို”

22 Nov

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနို က လာမည့် FIFA ဥက္ကဋ္ဌရွေးကောက်ပွဲတွင် လေးစာမှု ရှိရေးနှင့် တရားမျှတမှုရှိရေးတို့ကို ၎င်း၏ Instagram မှတစ်ဆင့် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ အင်ဖန်တီနို ဟာ လာမည့်နှစ် မတ်လတွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် သူ့ရဲ့ စတုတ္ထမြောက် သက်တမ်းအတွက် ဝင်ရောက်ရွေးချယ်ခံမှာဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် အင်ဖန်တီနို အနေနဲ့ မူလက အဆိုပါရွေးကောက်ပွဲတွင် ပြိုင်ဘက်မရှိ တင်မြှောက် ခံရရန် မျှော်လင့်ခဲ့သော်လည်း ကမ္ဘာ့ဖလားအပါအဝင် မေဂျာပြိုင်ပွဲများကို ရှယ်ယာရောင်းချမည့် ဒေါ်လာ ၂၀ ဘီလျံ တန်ဖိုးရှိတဲ့ စီမံကိန်းက အောင်မြင်မှုမရခဲ့ဘဲ သူ့ရဲ့အနာဂတ်လည်း များစွာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌ ဖိလစ်ပီဒီယာလို၊ ဂျပန်ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ တာရှီးမား တို့က အင်ဖန်တီနို နှင့်အပြိုင် ရွေးကောက်ခံရန် စာရင်းသွင်းခဲ့ကြပေမယ့် အာရှ၊ အာဖရိကနှင့် တောင်အမေရိကမှ ထောက်ခံမှုများရှိနေသည့် အင်ဖန်တီနို က ရေပန်းအစားဆုံးအဖြစ် ရပ်တည်လျက်ရှိပါတယ်။ FIFA ဥက္ကဋ္ဌရွေးကောက်ပွဲကို လာမည့်နှစ် မတ်လ ၁၈ ရက်၌ မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့တွင်ကျင်းပမည့် ဖီဖာကွန်ဂရက်အခမ်းအနားတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

22 Nov

ADVERTISE HERE .