“ရီးရဲလ်အသင်းက ဂိုးသမား ကော်တိုအာ ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုး”
22 Nov
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းရဲ့ ဘယ်လ်ဂျီယံဝါရင့်ဂိုးသမား ကော်တိုအာ ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် ကော်တိုအာ ရဲ့ မူလစာချုပ်က ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။ ကော်တိုအာ အနေနဲ့ ၂၀၁၈ ခုနှစ်တွင် ချယ်လ်ဆီးအသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး ယခုရာသီအပါအဝင် ကိုးရာသီကြာ ကစားခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၄၈ ပွဲကစားထားခဲ့ပြီး အသင်းနှင့်အတူ ဆုဖလား ၁၄ လုံး ဆွတ်ခူးနိုင်ခဲ့ရာ ချန်ပီယံလိဂ် နှစ်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား သုံးကြိမ်၊ ဥရောပစူပါဖလား နှစ်ကြိမ်၊ လာလီဂါဖလား သုံးကြိမ်၊ စပိန် ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလား သုံးကြိမ် တို့ကို ရရှိခဲ့ပါတယ်။(NVS 008)
22 Nov