“ခြေချင်းဝတ်ဒဏ်ရာကြောင့် သုံးလခန့်အနားယူရနိုင်တဲ့ ဟာရီကိန်း”

22 Nov

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း ဟာ ကိုလုံးအသင်းနဲ့ ပွဲစဉ်မှာ ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာရခဲ့မှုကြောင့် သုံးလခန့်အနားယူရနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ကိုလုံးအသင်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ဟာရီကိန်း က ပွဲအစ ၁၅ မိနစ်၌ ကိုလုံးနောက်ခံလူနှင့် ထိခိုက်မိခဲ့ရာ ပွဲချိန် ၂၀ မိနစ်တွင် လူစားလဲခဲ့ရပါတယ်။ ပွဲအပြီးမှာ ဘိုင်ယန်အသင်း အားကစားဒါရိုက်တာက ဟာရီကိန်း အနေနဲ့ အရွတ်ထိခိုက်မိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် တောင်ပံတိုက်စစ်ကစားသမား အိုလစ်ဆေး ကလည်း ပွဲချိန် ၄၆ မိနစ်တွင် ဒဏ်ရာရရခဲ့လို့ လူစားလဲခဲ့ရပါတယ်။ ဘိုင်ယန်အသင်းတွင် လူးဝစ်ဒီယက်ဇ်၊ ဆာအီဘာရီ၊ နာဘရီ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ် တို့လည်း ဒဏ်ရာများ အသီးသီးရရှိနေခဲ့လို့ နည်းပြ ကွန်ပနီ အတွက် နောက်ထပ်ပွဲစဉ်များမှာ တိုက်စစ်ပိုင်း‌ရွေးချယ်ရန် ကျပ်တည်းသွားနိုင်ကြောင်း သိရပါတယ်။(NVS 008)

22 Nov

ADVERTISE HERE .