“ဘာစီလိုနာအသင်းက အာရူဟို ကို ပေါင်သန်း ၅၀ ဝန်းကျင်ဖြင့် ရောင်းချရန်စီစဉ်”
21 Nov
ဘာစီလိုနာအသင်းက နောက်ခံလူ အာရူဟို အတွက် ပေါင်သန်း ၅၀ ဝန်းကျင်ရရှိပါက ရောင်းချရန် စီစဉ်လျက် ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ လက်ရှိတွင် အာရူဟို အနေနဲ့ လီဗာပူးလ်အသင်း၌ အငှားဖြင့် လာရောက်ကစားနေပြီး ရာသီကုန်တွင် အပြီးသတ်စာချုပ် ချုပ်ဆိုဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ဘာစီလိုနာအသင်းက အာရူဟို အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း ၅၀ ဝန်းကျင် အလိုရှိနေတာဖြစ်ပါတယ်။ ဗဟိုနောက်ခံနေရာနှင့် ညာနောက်ခံနေရာများတွင် ကစားနိုင်တဲ့ အာရူဟို အနေနဲ့ အချိန်တိုအတွင်းမှာ လီဗာပူးလ်အသင်းနည်းပြ အီရာအိုလာ ရဲ့ အားထားရတဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။(NVS 008)
21 Nov