“ဆန်းဒါးလန်းအသင်းက လွိုက်ဒ်ကယ်လီ ကို ခေါ်ယူရန် စိတ်ဝင်စား”

21 Nov

ဆန်းဒါးလန်းအသင်းက ဂျုဗင်တပ်အသင်း နောက်ခံကစားသမား လွိုက်ဒ်ကယ်လီ ကိုခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမား လွိုက်ဒ်ကယ်လီ ဟာ ဂျူဗင်တပ်အသင်းနှင့်အတူ ၂ဝ၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၃ ပွဲကစားပြီး နှစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဆန်းဒါးလန်း အသင်းက ခေါ်ယူရန်စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။ လွိုက်ဒ်ကယ်လီ ကလည်း လက်ရှိတွင် အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေခြင်းကြောင့် ဂျူဗင်တပ် အသင်းမှ ထွက်ခွာချင်နေတာဖြစ်ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .