“အာဆင်နယ်အသင်းက ဟင်ကာပီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်”
21 Nov
အာဆင်နယ်အသင်းက နောက်ခံကစားသမား ဟင်ကာပီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမား ဟင်ကာပီ အနေနဲ့ အာဆင်နယ်အသင်းနှင့်အတူ ၂၀၂၅-၂၀၂၆ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၇ ပွဲကစားပြီး တစ်ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဟင်ကာပီ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိပြီး ကစားသမားကိုယ်တိုင် ကလည်း အသင်းမှာပျော်ရွှင်နေကာ စာချုပ်ကိစ္စကလည်း မကြာမီရက်ပိုင်းအတွင်း အပြီးသတ်နိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
21 Nov