“အာဆင်နယ်အသင်းက ဇူဘီမန်ဒီ အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ သတ်မှတ်”

21 Nov

အာဆင်နယ်အသင်းက လာမည့်နှစ်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းအသင်း များ က ခေါ်ယူလိုနေတဲ့ ကွင်းလယ်ကစားသမား ဇူဘီမန်ဒီ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၇၀ သတ်မှတ်ထား ကြောင်း 365 Scores သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိ ဇူဘီမန်ဒီ အနေနဲ့ ၂၀၂၅ ခုနှစ်နွေရာသီ ကစားသမားအပြောင်းအရွှေ့မှာ ဆိုစီဒက်အသင်းမှ အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းတွင် ပွဲကစားခွင့် နည်းပါးနေခဲ့လို့ အသင်းမှထွက်ခွာရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဇူဘီမန်ဒီ ဟာ အာဆင်နယ်အသင်းကွင်းလယ်ပိုင်းတွင် ထိပ်တန်းကစားသမားအများအပြား ရှိနေတဲ့အတွက် နည်းပြ အာတီတာ လက်အောက်၌ ပွဲထွက်ခွင့်မရရှိဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပွဲစဉ်အများစုကို ကစားနေ ရတာကြောင့် လာမည့်နှစ်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ အစောပိုင်းက လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီး၊ စပိန်ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ်အသင်းတို့က ဇူဘီမန်ဒီ ကို ခေါ်ယူလိုနေတဲ့အတွက် အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ရရှိပါက ရောင်းချရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါတယ်။(NVS 008)

21 Nov

ADVERTISE HERE .