ကုန်ဈေးနှုန်းသတင်း ၂၀.၁၁.၂၀၂၆
20 Nov
နိုဝင်ဘာလ ၂၀ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေသလို အာလူးဈေးလည်း အနည်းငယ် တက်လာပါတယ်။ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီးဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီနဲ့ ဘိုကိတ်ပဲဈေးတွေကတော့ အနည်းငယ် ကျဆင်း လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၄,၂၈၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၃၄,၂၄၄ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၆,၂၃၀ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၇,၃၁၅ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၅,၇၇၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၁,၃၀၀ ကျပ်ကနေ ၁၁,၄၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၈၆၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၁,၉၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၄,၅၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၃၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၅,၀၀၀ ကျပ်ကနေ ၁၄၀,၀၀၀ ကျပ်၊ ငါးရွှေ(ကြီး/လတ်/သေး) တစ်ပိဿာ ကို ၂၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၁၁,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၅,၁၃၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၉၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၈၁၅ ကျပ်၊ မန္တလေးမှာ ၃,၉၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၉၂၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၈၈၀ ကျပ်၊ မန္တလေး မှာ ၄,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၉၈၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၁၅၅ ကျပ်၊ မန္တလေးမှာ ၄,၃၀၀ ကျပ်၊ နေပြည်တော်မှာ ၄,၂၅၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၀၄၀ ကျပ်၊ မန္တလေးမှာ ၅,၁၉၅ ကျပ်၊ နေပြည်တော်မှာ ၅,၁၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ကျပ်ငွေ (၇,၀၀၀,၀၀၀ိ/-) သိန်း ခုနစ်ဆယ်ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၁၆၀,၀၀၀ိ/-) တစ်ရာ တစ်သိန်း ခြောက်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။