“ကစားသမားဟောင်း မာတာ ကစားသမားဘဝမှ အနားယူ”

20 Nov

မန်ယူ၊ ချယ်လ်ဆီးနှင့် စပိန်လက်ရွေးစင်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သော မာတာ က အသက် ၃၈ နှစ်အရွယ်မှာ ကစားသမားဘဝမှ အနားယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မာတာ က ပြီးခဲ့တဲ့ရာသီတွင် သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ကစားခဲ့ပြီး ယခုနှစ် စက်တင်ဘာလ၌ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ယခုအခါ ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ မာတာ က မဲလ်ဘုန်းဗစ်ထရီအသင်းမှာ ရှယ်ယာဝယ်ယူထားသလို၊ ဖော်မြူလာဝမ်းအသင်းနှင့် မေဂျာလိဂ် အသင်းများမှာလည်း ရှယ်ယာပိုင်ဆိုင်ထားတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းကြောင်းဘက်သို့ ကူးပြောင်းဖွယ် ရှိနေကြောင်း သိရပါတယ်။ မာတာ က ရီးရဲလ်အကယ်ဒမီမှ ထွက်ပေါ်လာသည့် ကစားသမားဖြစ်ပြီး ဗလင်စီယာ၊ ဂါလာတာစာရေး၊ ဗစ်ဆဲကိုဘေး၊ ဝက်စတန်းဆစ်ဒနီဝမ်းဒါးရားစ်အသင်းများမှာ ကစားခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်း အတွက် ၄၁ ပွဲကစားကာ ၁၀ ဂိုး သွင်းယူခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၁၂ ချန်ပီယံဆုများ ရယူနိုင်ခဲ့ပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .