“SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ဝင်ရောက်ယဉ်ပြိုင်မယ့် မြန်မာအသင်း”

20 Nov

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် SSL ရွက်လှေအသင်း (SSL Team Myanmar) သည် SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေရိုးမြို့မှာ နိုဝင်ဘာလ ၁၉ ရက်မှ ဒီဇင်ဘာလ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၆၅ နိုင်ငံမှ နိုင်ငံလက်ရွေးစင်အသင်းများ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲက ရွက်လှေပြိုင်ပွဲ များထဲမှာ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု SSL ရွက်လှေအသင်းအနေနဲ့ SSL Gold Cup 2026 ကမ္ဘာ့ရွက်လှေပြိုင်ပွဲတွင် အုပ်စု (D) ၌ အိုမန်၊ စင်ကာပူ၊ ဥရုဂွေးအသင်းများနှင့်အတူ ကျရောက်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြု SSL ရွက်လှေအသင်းက နိုဝင်ဘာလ ၂၀ ရက်မှာ အုပ်စုပထမပွဲအဖြစ် Race-1 ၌ စတင်ယှဥ်ပြိုင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .