“အာဒါဂူလာကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးခဲ့တဲ့ ရီးရဲလ်အသင်း”

20 Nov

ရီးရဲလ်အသင်းက အာဒါဂူလာ ကို ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။ အာဒါဂူလာ က ၂၀၂၃ နွေရာသီမှာ ဖီနာဘာချီမှ ရီးရဲလ်အသင်းသို့ ယူရိုသန်း ၂၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မူလစာချုပ်မှာ ၂၀၂၉ ခုနှစ်အထိ ဖြစ်ပါတယ်။ အာဒါဂူလာ က ယခုရာသီမှာ ရီးရဲလ်အသင်းအတွက် ၁၄ ပွဲကစားကာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၇ ကြိမ်ပြုလုပ်ကာ ခြေစွမ်းပြနေသူဖြစ်ပါတယ်။ အာဒါဂူလာ ကို ခေါ်ယူရန် ချိန်ရွယ်နေတဲ့ အသင်းများစွာ ရှိနေတာကြောင့် ရီးရဲလ်အသင်းက သက်တမ်း တိုးစာချုပ် ပြင်ဆင်ချုပ်ဆိုလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အာဒါဂူလာ သက်တမ်းတိုးစာချုပ် ချုပ်ဆို နိုင်ခဲ့ခြင်းအတွက် ရီးရဲလ်အသင်းဖော်များက လူမှုကွန်ရက်မှာ ဂုဏ်ပြုရေးသားမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .