“ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့ မက်ကန်နီး”

19 Nov

ဂျူဗင်တပ်စ်အသင်း၏ အမေရိကန်ကွင်းလယ်ကစားသမား မက်ကန်နီးက ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်လက်ရွေးစင်နည်းပြ ပိုချက်တီနို မန်ယူအသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ပြီးနောက် မက်ကန်နီး ကို မန်ယူအသင်းထံ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်လာတဲ့အတွက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ မက်ကန်နီး က ၂၀၂၀ နွေရာသီမှာ ရှော်လ်ကေးအသင်းမှ ဂျူဗင်တပ်စ်သို့ အငှားစာချုပ်ဖြင့် စတင်ပြောင်းရွှေ့ ခဲ့ပြီးနောက်၂၀၂၁ နွေရာသီတွင် အပြီးသတ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ပြီးခဲ့တဲ့ မတ်လမှာ မက်ကန်နီး ကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မက်ကန်နီး က ဂျူဗင်တပ်စ်အသင်းမှ ထွက်ခွာရန် ဆန္ဒမရှိသော်လည်း အမေရိကန်လက်ရွေးစင် အသင်းဖော်များအနေဖြင့် မန်ယူအသင်းထံ ရောက်ရှိနိုင်ခြေရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။ ပိုချက်တီနို က မိုနာကိုအသင်းမှ အမေရိကန်တိုက်စစ်မှူး ဘာလိုဂန် ကိုလည်း မန်ယူအသင်းထံ ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .