“၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာလူငယ်ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်”
19 Nov
အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ် (ASTAF) က ဦးဆောင်ကျင်းပမည့် ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာလူငယ်ပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ASTAF သည် ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို လာမည့်နိုဝင်ဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ရီဇယ်မမ်မိုရီရယ်အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ASTAF က ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါတယ်။ ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အိမ်ရှင်ဖိလစ်ပိုင်အပါအဝင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရပါတယ်။ ASTAF သည် ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အမျိုးအစား ၅ မျိုးဖြစ်သည့် အမျိုးသား နှစ်ယောက်တွဲ၊ အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားလေးယောက်တွဲ၊ အမျိုးသမီးလေးယောက်တွဲနှင့် အမျိုးသား + အမျိုးသမီး လေးယောက်တွဲတို့ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှ ယူ-၁၉ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာနိုင်ငံက အမျိုးသား၊ အမျိုးသမီးနှစ်သင်းစလုံး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ (NVS 008)