“ယခုတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆောင်းရာသီဘောလုံးအသစ်ကို စတင်အသုံးပြုမည်”

19 Nov

ယခုတစ်ပတ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆောင်းရာသီအတွက် ထုတ်လုပ်ထားတဲ့ ဘောလုံးအသစ်ကို စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်မှာ အသုံးပြုနေတဲ့ ဘောလုံးများကို ထုတ်လုပ်ပေးနေတဲ့ Puma ကုမ္ပဏီက ဆောင်းရာသီ အတွက် အဝါရောင် ဘောလုံးဖန်တီးပေးထားခြင်းဖြစ်ပြီး မိတ်ဆက်ပြသခဲ့ပါတယ်။ ယင်းဘောလုံးကို ယခုတစ်ပတ် ပရီးမီးယားလိဂ်၏ အစောဆုံးပွဲစဉ်ဖြစ်သော မန်စီးတီး - ဖူလ်ဟမ်ပွဲမှာ စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။ Puma က ပရီးမီးယားလိဂ်၏ ဘောလုံးစပွန်ဆာအဖြစ် ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ စတင်ရပ်တည်ခဲ့ခြင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်က Puma နှင့် လက်တွဲမှုမှ တစ်နှစ်လျှင် စပွန်ဆာကြေး ပေါင် ၁၀ သန်းအထက် ရရှိမှာ ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်က အမေရိကန်အားကစားပစ္စည်းကုမ္ပဏီ Nike နှင့် ၂၅ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် Puma နှင့် ပြောင်းလဲလက်တွဲခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .