“စကော့တလန်အသင်း၏ ပွဲအများဆုံးကစားသမားအဖြစ် မှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့တဲ့ ရောဘတ်ဆန်”
18 Nov
စကော့တလန်အသင်းခေါင်းဆောင် အန်ဒီရောဘတ်ဆန် က ဆွစ်ဇာလန်အသင်းကို လေးဂိုးပြတ် အရေးနိမ့် ခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားပြီးနောက် အသင်းသမိုင်းတွင် ပွဲအများဆုံးကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူ နိုင်ခဲ့ပါတယ်။ ရောဘတ်ဆန် က နိုင်ငံတကာပွဲ ၁၀၃ ပွဲရှိလာပြီး လီဗာပူးလ်ဂန္ထဝင် ကင်နီဒဲဂလစ်ရှ် (၁၀၂ ပွဲ)၏ နှစ် ၄၀ ကြာ မှတ်တမ်းကို တစ်ပွဲအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရောဘတ်ဆန် က လွန်ခဲ့သည့် ၁၂ နှစ်က ပိုလန် အသင်းနှင့်ခြေစမ်းပွဲမှာ လူစားဝင်ကစားကာ လက်ရွေးစင်ပွဲဦးထွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အသင်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ အသင်းခေါင်းဆောင်အဖြစ် နိုင်ငံတကာပွဲအများဆုံး ၈၁ ပွဲ ကစားခဲ့ပြီး ဒုတိယနေရာမှ ဂျော့ချ်ယန်း ကို ၃၃ ပွဲ အသာရခဲ့ကာ နိုင်ငံတကာပွဲ ၁၀၃ ပွဲ၌ ၁၀၁ ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂၅ ပွဲ၊ Nations League ၂၄ ပွဲ၊ ယူရိုခြေစစ်ပွဲ ၁၉ ပွဲ၊ ခြေစမ်းပွဲ ၂၆ ပွဲ၊ ယူရိုပြိုင်ပွဲ ၆ ပွဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃ ပွဲ ကစားခဲ့ပါတယ်။ (NVS 008)