“FIFA ဥက္ကဋ္ဌ ရွေးကောက်ပွဲမှာ အင်ဖန်တီနိုနှင့်အပြိုင် ဝင်ရောက်ရွေးကောက်ခံမယ့် FFF ဥက္ကဋ္ဌ ဖိလစ်ပီဒီယာလို”

18 Nov

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌ ဖိလစ်ပီဒီယာလို က လာမည့်နှစ် မတ်လမှာကျင်းပမည့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ အင်ဖန်တီနို နှင့်အပြိုင် ဝင်ရောက်ရွေးကောက်ခံမယ်လို့ သိရပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) အမှုဆောင်ကော်မတီအစည်းအဝေးမှာ နိုင်ငံဘောလုံးအဖွဲ့ချုပ်များက ဒီယာလို ကို ရွေးကောက်ပွဲဝင်ရန် ရွေးချယ်ခဲ့ပြီး တညီတညွတ်တည်း ထောက်ခံခဲ့ကြပါတယ်။ UEFA က ပြီးခဲ့တဲ့သြဂုတ်လကတည်းက အင်ဖန်တီနို ၏နေရာမှာ အစားထိုးနိုင်မည့် ယုံကြည်စိတ်ချရသော ကိုယ်စားလှယ် လောင်းတစ်ဦးကို ရှာဖွေသွားမည်ဟု ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်ဘောလုံးအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကိုဇိုတိုရှီးမားနှင့် စပါးနောက်ခံလူဟောင်း ရာမွန်ဗယ်ဂါ တို့လည်း ရွေးကောက်ခံမည်ဟု ကြေညာထားပါတယ်။ လက်ရှိအနေအထားအရ အင်ဖန်တီနိုအနေဖြင့် UEFA ကိုယ်စားလှယ်လောင်း ဒီယာလို နှင့်သာ အဓိက ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အင်ဖန်တီနို က အာရှ၊ အာဖရိက၊ သမုဒ္ဒရာပိုင်းနှင့် တောင်အမေရိကနိုင်ငံများမှ ထောက်ခံမဲများ ရရှိမည်ဟု မျှော်လင့်ထားပါတယ်။ (NVS 008)

18 Nov

ADVERTISE HERE .