“၂၀၂၆ ဇမ်ဘီယာအင်တာနေရှင်နယ်ကြက်တောင်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ သက်ထားသူဇာ”

18 Nov

မြန်မာ့လက်ရွေးစင် အမျိုးသမီးကြက်တောင်အားကစားမယ် သက်ထားသူဇာ က ၂၀၂၆ ဇမ်ဘီယာအင်တာ နေရှင်နယ်ကြက်တောင်ပြိုင်ပွဲမှာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ကြက်တောင်အားကစားအဖွဲ့ချုပ်(BWF)၏ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၂၆ ဇမ်ဘီယာအင်တာနေရှင်နယ် ကြက်တောင်ပြိုင်ပွဲကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဇမ်ဘီယာနိုင်ငံ၊ လူဆာကာမြို့ရှိ OYDC အားကစား စင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးကြက်တောင်အားကစားမယ် သက်ထားသူဇာ က အမျိုးသမီးတစ်ဦးချင်းမှာ ၃၂ ဦးအဆင့်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ချန်ပီယံဆုကို ရယူခဲ့ခြင်းဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ သက်ထားသူဇာ က ကမ္ဘာ့အဆင့်သတ်မှတ်ချက်သာလွန်တဲ့ ယူအေအီးကြက်တောင် အားကစား မယ်ကို ၂၂-၂၀၊ ၂၁-၇ မှတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလား ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 008)

18 Nov

ADVERTISE HERE .