“ဒက်ကလန်ရိုက်စ် ကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့တဲ့ အာဆင်နယ်အသင်း”

18 Nov

အာဆင်နယ်အသင်းက ကွင်းလယ်လူ ဒက်ကလန်ရိုက်စ် ကို စာချုပ်သက်တမ်းတိုးရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒက်ကလန်ရိုက်စ် ကို ၂၀၃၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးသွားမှာဖြစ်ပြီး မူလစာချုပ်မှာ ၂၀၂၈ ခုနှစ်အထိဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်ကြောင်း သိရပါတယ်။ ဒက်ကလန်ရိုက်စ် ရဲ့ စာချုပ်သစ်အရ အာဆင်နယ်အသင်းမှာ လစာအများဆုံးအဖြစ် ဆာကာ နှင့်အတူ ပေါင် သုံးသိန်းအထိ ရရှိဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းက အသင်းခေါင်းဆောင် အော်ဒီဂွါနှင့် နောက်ခံလူ တင်ဘာတို့ကိုလည်း စာချုပ်သက်တမ်းတိုးရန် နီးစပ်နေကြောင်း သိရပါတယ်။ (NVS 008)

18 Nov

ADVERTISE HERE .