ကုန်ဈေးနှုန်းသတင်း ၁၇.၁၁.၂၀၂၆

17 Nov

နိုဝင်ဘာလ ၁၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ကြက်သွန်နီဈေး ဆက်တိုက်မြင့်တက်နေသလို မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပြောင်းဆန်ဈေးတွေလည်း အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်၊ သကြားနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၅,၈၅၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၄,၁၀၂ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၅,၈၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၇,၀၁၇ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ) တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၅,၇၇၀ ကျပ်၊ ပဲလွန်းဖြူ(ပဲခူး/မြစ်ဝကျွန်းပေါ်) တစ်ပိဿာကို ၃,၆၆၅ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၁,၃၀၀ ကျပ်ကနေ ၁၁,၄၈၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၈၆၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၃၃၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၉ ကျပ်ကနေ ၁,၈၈၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၆၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၉,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(အောင်ပန်း) တစ်ပိဿာကို ၇,၂၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၄,၅၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး(ပွင့်ကပ်/ အသား) တစ်ပိဿာကို ၃,၈၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၇၀၀ ကျပ်ကနေ ၄,၃၅၀ ကျပ်၊ အာလူး(အောင်ပန်း) တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၃,၈၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၉၅,၀၀၀ ကျပ်ကနေ ၁၄၀,၀၀၀ ကျပ်၊ ငါးရွှေ(ကြီး/လတ်/သေး) တစ်ပိဿာကို ၂၅,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၁၁,၀၀၀ ကျပ် ဖြစ်ပေါ်နေ ပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၉၆၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၈၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၄,၂၇၀ ကျပ်၊ မန္တလေးမှာ ၄,၄၂၅ ကျပ်၊ နေပြည်တော်မှာ ၄,၃၇၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၄,၃၁၅ ကျပ်၊ မန္တလေး မှာ ၄,၄၇၀ ကျပ်၊ နေပြည်တော်မှာ ၄,၄၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၄,၃၈၀ ကျပ်၊ မန္တလေးမှာ ၄,၅၃၀ ကျပ်၊ နေပြည်တော်မှာ ၄,၄၈၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၅,၃၁၅ ကျပ်၊ မန္တလေးမှာ ၅,၄၇၀ ကျပ်၊ နေပြည်တော်မှာ ၅,၄၂၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ကျပ်ငွေ (၇,၀၅၀,၀၀၀ိ/-) ခုနှစ်ရာ ငါးသိန်း ကျပ်ရှိပြီး ပြင်ပပေါက်ဈေးမှာ (၁၀,၃၃၀,၀၀၀ိ/-) တစ်ရာ သုံးသိန်း သုံသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

17 Nov

ADVERTISE HERE .