“ဒဏ်ရာကြောင့် အင်တာမီလန်အသင်းသို့ ပြန်လည်ရောက်ရှိလာတဲ့ အကန်ဂျီ”
17 Nov
ဆွစ်ဇာလန်အသင်းနောက်ခံလူ အကန်ဂျီဟာ ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းကနေ ထွက်ခွာလာခဲ့ပြီး အင်တာမီလန်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ ပါတယ်။ အကန်ဂျီ ဟာ စလိုဗေးနီးယားအသင်းနဲ့ ကစားခဲ့တဲ့ ဂိုးမရှိ သရေကျတဲ့ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းအတွက် မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ပြီးနောက် ကြွက်သားပင်ပန်းမှုဒဏ်ကို ခံစားနေရတာကြောင့် စကော့တလန် အသင်းနဲ့ပွဲစဉ်ကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ အကန်ဂျီ က အသင်းလူစာရင်းကနေ ထွက်ခွာသွားခဲ့ပြီး အင်တာမီလန်အသင်းကို ပြန်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကြွက်သားပင်ပန်းမှုဒဏ်ကြောင့် ကလပ် အသင်းကို ပြန်ရောက်လာခဲ့တဲ့ အကန်ဂျီ အနေနဲ့ လာမယ့်အတ္တလန်တာအသင်းနဲ့ အီတလီစီးရီးအေပွဲမှာ ပါဝင်ကစားနိုင်ဖို့အတွက် အင်တာမီလန်အသင်းက မျှော်လင့်နေပါတယ်။ အကန်ဂျီ ဟာ အခုရာသီ အင်တာမီလန်အသင်းရဲ့ ပြိုင်ပွဲစုံ ၁၅ ပွဲမှာ ၁၂ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)