“Nations League ပြိုင်ပွဲမှာ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ပေါ်တူဂီတို့ ကွာတားဖိုင်နယ်တက်ရောက်”
17 Nov
ယှဥ်ပြိုင်ကစားခဲ့သော Nations League ပွဲစဥ်များအပြီးတွင် Group 1 မှ ပြင်သစ်နှင့် ဘယ်လ်ဂျီယံ၊ Group 3 မှ အင်္ဂလန်နှင့် စပိန်တို့ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံအသင်းက အုပ်စုနောက်ဆုံးပွဲမှာ အီတလီကို ဂိုးပြတ်အနိုင်ယူကာ အုပ်စုဒုတိယနေရာ ရယူနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းကို အနိုင်ရရှိခဲ့တဲ့အတွက် အုပ်စုပထမနေရာဖြင့် နောက်တစ်ဆင့် တက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ Group 4 မှ လက်ရှိချန်ပီယံ ပေါ်တူဂီအသင်းမှာမူ နောက်ဆုံးပွဲမတိုင်မီကတည်းက ကွာတားဖိုင်နယ် တက်ရောက်ခွင့် ရရှိထားခြင်းဖြစ်ပါတယ်။ (NVS 008)
17 Nov