“Nations League ပြိုင်ပွဲမှာ ဒုတိယဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာတဲ့ ဂျိုကာရက်စ်”
17 Nov
ဆွီဒင်တိုက်စစ်မှူး ဂျိုကာရက်စ် က Nations League ပြိုင်ပွဲမှာ ၈ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂျိုကာရက်စ် က ယခုရာသီမှာ ယှဉ်ပြိုင်ခဲ့ပြီးတဲ့ Nations League အုပ်စုပွဲစဉ် ၅ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီကလည်း အုပ်စုနောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ၈ ပွဲဆက် ဂိုးသွင်းနိုင်ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ပထမဆုံးစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဂျိုကာရက်စ် က Nations League ပြိုင်ပွဲမှာ စုစုပေါင်းသွင်းဂိုး ၁၆ ဂိုး ရှိသွားခဲ့ပြီဖြစ်တာကြောင့် မီထရိုဗစ် နှင့် စီရော်နယ်လ်ဒို တို့ကို ကျော်ဖြတ်ကာ ပြိုင်ပွဲ၏ ဒုတိယဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းဖြစ်ပြီး ၂၃ ဂိုး သွင်းယူထားခြင်းဖြစ်ပါတယ်။ ဆွီဒင်အသင်းက ပိုလန်အသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ် ယှဉ်ပြိုင်ကစားရန် ရှိနေသေးပေမယ့် အုပ်စုပထမ ရရှိရန် သေချာသွားတာကြောင့် လာမည့်ရာသီမှာ League A သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)