“မန်ယူအသင်းနည်းပြသစ် ပိုချက်တီနို က ကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်မည်ဟုပြောကြား”

16 Nov

မန်ယူအသင်းနည်းပြသစ် ပိုချက်တီနို က ကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်ပြီး ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်မည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း The Sun သတင်းဝက်ဘ်ဆိုက်က ဖော်ပြ ခဲ့ပါတယ်။ မန်ယူအသင်း၌ အစောပိုင်းကာလများတွင် ကစားသမားများအနေနဲ့ ပွဲတစ်ပွဲကစားပြီးလျှင် လေ့ကျင့်ရေး အစီအစဉ်များ တစ်ရက်ရပ်နားပြီး နောက်ရက်မှသာ လေ့ကျင့်ရေးကွင်းသို့ လေ့ကျင့်မှုများအတွက် ပြန်လည် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် နည်းပြ ပိုချက်တီနို က ကစားသမားများကို ပွဲတစ်ပွဲကစားပြီးလျှင် တစ်ရက် အနားပေးမည်မဟုတ်ဘဲ နောက်ရက်တွင် လေ့ကျင့်ရေးကွင်းသို့ လာရောက်ရမည်ဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းနှင့်ပတ်သက်၍ စစ်ဆေးမှုများလုပ်ဆောင်မည်ဟု အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနို က အသင်းမှကစားသမားများ၏ ကြံ့ခိုင်မှုပိုင်းနှင့် လျင်မြန်မှုပိုင်းတို့ကို စမ်းသပ်လိုတဲ့ အတွက် ပွဲတစ်ပွဲကစားအပြီး တစ်ရက်အနားပေးသည့်စနစ်ကို ဖျက်သိမ်းကာ ကြံ့ခိုင်ရေးနည်းပြအဖွဲ့ဝင်များကိုလည်း အပြောင်းအလဲလုပ်ဆောင်မည်ဟု ပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .