“အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကို ဒီဇာဘီ ဆွတ်ခူး”
16 Nov
ပရီးမီးယားလိဂ်မှ လစဉ်လတိုင်းပေးအပ်ချီးမြှင့်လျက်ရှိသည့် အောက်တိုဘာလအတွက် တစ်လတာ အကောင်းဆုံးနည်းပြဆုကို စပါးအသင်းနည်းပြ ဒီဇာဘီ က ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။ နည်းပြ ဒီဇာဘီ အနေနဲ့ အောက်တိုဘာလအတွင်း စပါးအသင်းကို လေးပွဲကိုင်တွယ်ရာ သုံးပွဲနိုင်၊ တစ်ပွဲ သရေဖြင့် ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ ဒီဇာဘီ ဟာ စပါး အသင်းကို ၂ဝ၂၆ ခုနှစ် မတ်လ ၃၁ ရက်က စတင်ကိုင်တွယ်ခဲ့ရာ ပြိုင်ပွဲ ၁၉ ပွဲတွင် ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၇ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။(NVS 008)
16 Nov