“နည်းပြ သောမတ်စ်ဖရန့်ခ် ကို နည်းပြသစ်အဖြစ်ခန့်အပ်ရန် ခရစ္စတယ်ပဲလေ့စ်အသင်းဆွေးနွေး”
16 Nov
ခရစ္စတယ်ပဲလေ့စ်အသင်းက အသင်းနည်းပြသစ်အဖြစ် နည်းပြ သောမတ်စ်ဖရန့်ခ် ကိုခန့်အပ်ရန် ဆွေးနွေး လျက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အသက် ၅၃ နှစ်အရွယ် နည်းပြ သောမတ်စ်ဖရန့်ခ် အနေနဲ့ နည်းပြဘဝတစ်လျှောက်တွင် စပါး၊ ဘရန့်ဖို့ဒ် စသည့် ကလပ်အသင်းများအပြင် အခြားကလပ်အသင်းများစွာကို ကိုင်တွယ်ပြီး အတွေ့အကြုံရှိသည့် နည်းပြ တစ်ဦးဖြစ်ခြင်းကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြသစ်အဖြစ်ခန့်အပ်ရန် စီစဉ်လာခြင်းဖြစ်ပါတယ်။ နည်းပြ သောမတ်စ်ဖရန့်ခ် ကလည်း လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေခြင်းကြောင့် ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖွယ်ရှိနေပါတယ်။(NVS 008)
16 Nov