“ဒဏ်ရာမှသက်သာလာပြီး အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့တဲ့ လူးဝစ်ဒီယက်ဇ်”

16 Nov

ကြွက်သားဒဏ်ရာမှ သက်သာလာခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ဟာ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းလျက်ရှိကြောင်း သိရပါတယ်။ လူးဝစ်ဒီယက်ဇ် ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် အာဆင်နယ်အသင်း တို့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပြီး ယခုအချိန်မှ ပြန်လည်သက်သာလာခြင်း ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် လူးဝစ်ဒီယက်ဇ် အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ယခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစားပြီး ၅ ဂိုးသွင်းယူထားကြောင်း သိရပါတယ်။(NVS 008)

16 Nov

ADVERTISE HERE .