“ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး ရေယိုစိမ့်မှုပြင်ဆင်ခြင်းနှင့် သန့်ရှင်းသပ်ရပ်ရေး လုပ်ငန်းများဆောင်ရွက်”

16 Nov

သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးတွင် ရေယိုစိမ့်မှု ဖြစ်ပေါ်နေသည့် အပေါက်များအား ပြင်ဆင်ဖာထေးခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းမှာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး မဟာနာယကကျောင်းတော်ကြီးရှေ့ ခြံစည်းရိုးမုခ်ဦး ပြင်ဆင်မည့်နေရာ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)ဝင်းအတွင်းရှိ ဥဿာသီရိဥယျာဉ်တော်ကြီး၏ အုတ်တံတိုင်းခြံစည်းရိုးများတွင် သန့်ရှင်းရေးဆောင်ရွက်မှု၊ အပင်များ ခုတ်ထွင်ရှင်းလင်းပြီးစီးမှု၊ မဟာသိမ်တော်ကြီး အုတ်တံတိုင်းခြံစည်းရိုး ဆေးသုတ်နေမှုနှင့် မင်းကွန်းဆရာတော်ကြီး ရုပ်တုဆောင်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဒါ့အပြင် သွားဆေးခန်းကို ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှုနှင့် သံဃာတော်များ ကုသမှုခံယူသည့်အခါတွင် လိုအပ် သည်များ ဖြည့်ဆည်းကုသနိုင်ရေးအတွက် လိုအပ်သည့် ကုသရေးပစ္စည်းများနှင့် ဆေးဝါးများ အလုံအလောက် ဖြည့်တင်းဆောင်ရွက်သွားရန်၊ ဆဋ္ဌသင်္ဂါယနာသမိုင်းဝင် ပိဋကတ်တိုက်အတွင်း ပျက်စီးယိုယွင်းနေသည့် ဘုရား ဆင်းတုတော်များနှင့် ရဟန္တာရုပ်ပွားတော်များအနက် ပြန်လည်ပြုပြင်နိုင်သည်များကို ပြုပြင်၍ ပြုပြင်၍မရသည် များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်သွားရန်၊ ပေစာများကို သတ်မှတ်အပူချိန်အတွင်း ထိန်းသိမ်းနိုင်ရေး ကျွမ်းကျင်ပညာရှင်များနှင့်ညှိနှိုင်းပြီး ဆောင်ရွက်ရန်တို့ကို မှာကြား ခဲ့ကြောင်း သိရပါတယ်။(NVS 004)

16 Nov

ADVERTISE HERE .