“အီဂျစ်အသင်းတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဆာလာဟ် ရပ်တည်”

15 Nov

အီဂျစ်အသင်း တိုက်စစ်မှူး ဆာလာဟ် အနေနဲ့ အီဂျစ်နှင့် မာလာဝီအသင်းတို့ ကစားခဲ့သည့် အာဖရိကဖလား ခြေစစ်ပွဲအုပ်စုပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပြီးနောက် အီဂျစ်အသင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း B/R Football သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အီဂျစ်အသင်းက မာလာဝီအသင်းကို ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၌ ဆာလာဟ် ပွဲချိန် ၈၄ မိနစ်နှင့် ပွဲချိန်မိနစ် ၉၀ ပြည့်ပြီး အချိန်ပိုငါးမိနစ်တို့တွင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူခဲ့တဲ့အတွက် သွင်းဂိုး ၇၀ ထိ ရှိလာခဲ့ကာ သွင်းဂိုးအများ ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ အစောပိုင်းက အီဂျစ်အသင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် သမားဟောင်း ဟက်ဆန် က သွင်းဂိုး ၆၉ ဂိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့သော်လည်း ဆာလာဟ် က မာလာဝီအသင်းနှင့်ပွဲစဉ်၌ သွင်းဂိုးနှစ်ဂိုး သွင်းယူ ခဲ့ပြီးနောက် ဟက်ဆန် ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်ပြီး အီဂျစ်အသင်းတွင် သွင်းဂိုးအများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .