“မာရက် ကို အကြောင်းမဲ့တိုက်ခိုက်မှုအတွက် UFC ရုရှားဖိုက်တာ အူစမန် အား ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ကြေးငွေ ပြစ်ဒဏ်ချမှတ်”

15 Nov

ယူအေအီးနိုင်ငံ အဘူဒါဘီတရားရုံးက UFC ပြိုင်ပွဲများတွင် ထိုးသတ်နေသည့် ဂျော်ဂျီယာဖိုက်တာ မာရက် ကို အကြောင်းမဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ရုရှားဖိုက်တာ အူစမန် အား ထောင်ဒဏ်ခြောက်လနှင့် ဒဏ်ကြေးငွေပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Source of Boxing သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မာရက် အနေနဲ့ နိုဝင်ဘာလ ၁၁ ရက်က RAF နပန်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ယူအေအီးနိုင်ငံ အဘူဒါဘီ မြို့ရှိ Yas Island ဟိုတယ်တွင် အင်တာဗျူးပြုလုပ်နေစဉ် အူစမန် ဦးဆောင်သည့် ရှစ်ဦးပါအဖွဲ့က အကြောင်းမဲ့ ဝင်ရောက်ထိုးကြိတ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်အတွက် အဘူဒါဘီရဲတပ်ဖွဲ့ဝင်များက ခိုက်ရန်ဖြစ်ပွားမှုများတွင် ပါဝင်ခဲ့သည့် အူစမန် အပါအဝင် ရှစ်ဦးအပြင် မာရက် နှင့် ၎င်း၏သူငယ်ချင်းတစ်ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ထို့နောက် အဘူဒါဘီတရားရုံးက နိုဝင်ဘာလ ၁၃ ရက်တွင် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီးနောက် အကြောင်းမဲ့တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အူစမန် အပါအဝင်ရှစ်ဦးကို ထောင်ဒဏ်ခြောက်လနှင့် ယူအေအီးဒါဟန် ၃၀၀,၀၀၀ စီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ထို့အတူ ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် မာရက် နှင့် ၎င်း၏သူငယ်ချင်းကို ပြန်လွှတ်ပေးခဲ့သော်လည်း ယူအေအီးဒါဟန် ၅၀,၀၀၀ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အပြင် အူစမန် ကို RAF အဖွဲ့ချုပ်ကလည်း RAF ပြိုင်ပွဲများမှ ရာသက်ပန်ပွဲကစားခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

15 Nov

ADVERTISE HERE .